သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်နီလာဝင်းအပါအဝင် (၄)ဦးတို့သည် (၁၄-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၄၅)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးဝယ်ယူစားသုံးရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ ကုန်ခြောက်ဆိုင်များသို့သွားရောက်ကာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိခြင်းမရှိသော
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၃)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် မြို့မစည်ပင်သာယာဈေးပြင်ပရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်ကာ လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်စေရေး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးအသိပညာပေးခဲ့ပါသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၅ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု (၆၂) ခုမှ ရပ်ကွက်ကျေးရွာဥက္ကဋ္ဌများနှင့် ရပ်ကွက်ကျေးရွာများမှ စာရေးများသည် နံနက်(၁၀း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်သတင်းများ၊ ထုတ်ကုန်သတင်းများ၊ ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် သတင်းများအား စနစ်တကျရေးသားနိုင်ရေး၊ သတင်းဆောင်းပါးများရေးသားရာတွင် ထိထိမိမိဖြင့် ရေးသားနိုင်ရေး၊ ရှောင်ရန်/ဆောင်ရန်များ သိရှိလိုက်နာစေရေးနှင့် Documenty (Video Clip) ကျွမ်းကျင်စွာပြုလုပ်နိုင်စေရေးအတွက် မိမိဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ သတင်းဆောင်းပါးရေးသားနည်း