သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
05 Jun 2024

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံရုံးမှ ဦးအောင်မိုးသည် (၂၃.၅.၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၃:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

05 Jun 2024

       ၂၀၂၄  ခုနှစ်၊  မေလ၊  ၂၅  ရက်နေ့၊  နံနက် (၁၀:၀၀) အချိန်တွင် စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပပြုလုပ်သော စားသုံးဆီဖြန့်ဖြူးခြင်းရောင်းချခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်အတူ ဒု-ခရိုင်ဦးစီးမှူးတို့ မအူပင်ဆီလုပ်ငန်းရှင်တို့ online virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

05 Jun 2024

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ  ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showအား (၂၄.၅.၂၀၂၄) ရက်နေ့ ၊နံနက်(၁ဝး၀၀)နာရီအချိန် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

05 Jun 2024

       ကျိုက်လတ်မြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၂၄.၅.၂၀၂၄) နေ့ ၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြို့မဈေးကြီးအတွင်းရှိ “သုခမွန်” ဆိုင်တွင် ဒု-ဥက္ကဌ ဦးမောင်ဝင်းနှင့် တွေ့ဆုံခဲ့ပါသည်။အသင်းကို အဖွဲ့ဝင်(၁၅)ဦး၊ အလုပ်အမှုဆောင် (၉)ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း၊ ယခုလက်ရှိ အခြေအနေအရ ဥက္ကဌ ဖြစ်သူ ဦးဝင်းဦး ကွယ်လွန်ပြီး နောက်ပိုင်းတွင် အသင်းဥက္ကဌ အဖြစ် ပြန်လည်မရွေးချယ်သော်လည်း အသင်းအသစ် ပြန်လည်လှုပ်ရှား ဆောင်ရွက်နေပါသည်။

05 Jun 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်)သည် ၄.၆.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ဟဲလုံကျေးရွာရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

Pages