
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၁၀)ရက်နေ့တွင် မြစ်သားမြို့နယ်၊ ကူမဲမြို၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြစ်သားမြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင်(ဒု-ဦးစီးမှူးက) တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား / ကျောင်းသူများအား ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတွေရဲ့နေထိုင်မှုပုံစံမှာ အမျိုးမျိုးပြောင်းလဲလာပြီး အလွယ်တကူစားသောက်လို့ရသည့်(အသင့်အစားအစာ)များကို စားသောက်လာကြကြောင်း၊ ဒီလိုစားသောက်လာတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေဟာစားသုံးသူတွေရဲ့အလိုကို လိုက်ပြီး အရောင်အသွေးလှပရန် နှင့် အနံ့အရသာပြည့်စုံရန် မျက်စိပသာဒရှိစေရန်အတွက် အသင့်အစားအစာတွေကို တရားမဝင်ဆေးဝါးတွေ၊ခွင့်မပြုဓါတုဆေးဝါတွေအသုံးပြုပြီးထုတ်လုပ်လာ ကြတဲ့အတွက် လူတွေဟာအရွယ်မတိုင်ခင် ရောဂါဆန်းတွေဖြစ်ပွားခြင်း၊ နာတာရှည်ရောဂါတွေဖြစ်ခြင်း၊ သေကျေပျက်စီးခြင်းတွေဖြစ်ပေါ်သည့်အတွက် နိုင်ငံရဲ့လူစွမ်းအားအရင်းအမြစ်တွေဆုံးရှုံးကာ နိုင်ငံတော်၏ဘက်ဂျက်ထိခိုက်ပြီး နိုင်ငံဖွံ့ဖြိုးမှုအတွက် ထိခိုက်လာလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးပြည့်စိုးဟန်က ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ မသန့်ရှင်းသောအစားအစာ၊ မသန့်ရှင်သောရေ၊ ယင်နားစာများ စားသောက်လျင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တက်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရန်အတွက် သန့်ရှင်းသောရေ၊ သန့်ရှင်းသောအစားအစာနှင့် ယင်နားစာများစားသုံးခြင်းနှင့် အိမ်သာမှအထွက်တိုင်း လက်ကိုသန့်ရှင်းစင်ကြယ်စွာဆေးကြောရန်လိုကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ နှင့် ပတ်သက်၍ ဖုံး၊ သွန်၊ လဲ၊ စစ်ကိုအသုံးပြုရမှာဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ကူးစပ်သော ရောဂါဖြစ်ကြောင်း၊ ရေကြည်ရေသန့်မှာပေါက်ဖွားသောခြင်ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက ရေအိုးများကို ဖုံးအုပ်ထားရန်၊ မလိုအပ်သောရေများကိုသွန်ရန်၊ ဘုရားပန်းအိုးတွေကို တစ်ရက်တစ်ခါရေလဲပေးရန်၊ သွန်ရန်အခက်အခဲရှိတဲ့ရေတွေကို ရေစစ်ဖြင့်စစ်၍ ပိုးလောက်လန်းများကိုခပ်ပေးရမှာဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေး၏ အဓိက ခြင်ပေါက်ရန်အတွက် ပိုးလောက်လန်းကအဓိကဖြစ်ကြောင်း၊ ပိုးလောက်လန်းကို ကြိုတင်နှိမ်နင်းပါက ခြင်ပေါက်ဖွားမှုကို ကာကွယ်ပေးကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည့်အတွက် ကြိုတင်ကာကွယ်နိုင်မှသာ အသက်ဆုံးရှုံးမှုများ မဖြစ်နိုင်ကြောင်း စသည့် သိကောင်းစရာများ အကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ဆရာ/ ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော ဆရာ/ ဆရာမများ နှင့်ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)