သတင်းနှင့် လှုပ်ရှားမှုများ
ကော့သောင်းခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ၂၀၂၄ခုနှစ်၊ ဇွန် လ ၅ ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ ကော့သောင်းမြို့ပေါ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်(၂၆)ဆိုင်အား ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူးနှင့် စီမံရေးရာဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများသည် ဇွန်လ ၂ရက်နေ့တွင် နေပြည်တော် စားသုံးသူရေးရာ ဦးစီးဌာန ရုံးချုပ်တွင် ဒုတိယညွှန်ကြားရေးမှူချုပ် ဦးခင်မောင်လှိုင် ဦးဆောင်၍ ကျင်းပသော စီမံရေးရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်၊၊

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများအနေဖြင့် ဒေသထွက်ကုန်များ စိတ်ချယုံကြည်စွာ စားသုံးနိုင်ရန်အတွက် ညွှန်ကြားချက် ၂/၂၀၁၉ ပါ ကုန်စည်အုပ်စု (၈) စုတွင် ပါဝင်သည့် ကုန်စည်အမျိုးအစားအလိုက်ဖော်ပြရမည့် အချက်(၇)ချက်ဖြစ်သည့် ကုန်စည် အမျိုးအမည်၊ အရွယ်အစားအရေအတွက်နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင် သတိပေးချက်များကို ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အ

ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအောက်ရှိ တိုင်းအတွင်း ကနဦး လိုအပ်ချက် စစ်တမ်းကောက်ယူရေးအဖွဲ့မှ ပျက်စီးဆုံးရှုံးမှု အတည်ပြုရန် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ၊ ပညာရေး၊ ဘာသာရေးစသည်ဖြင့် ကဏ္ဍအလိုက်ပျက်စီးဆုံးရှုံးမှု စာရင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပြည့်စုံစွာ ကောက်ယူရန် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်ရန် အတွက် စာရင်းကောက်မည့်ပုံစံများကို စနစ်တကျရေးသွင်းနိုင်ရန် ဇွန် ၃ရက်နေ့တွင် ပို့

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးသည် ဇွန်လ ၃ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်နေပြည်တော်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပသောနေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို Virtual စနစ်ဖြင့် တက်ရောက် ခဲ့ပါသည်၊၊
