သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Jun 2024

    မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အဖြစ်  သစ်ပင်စိုက်ပျိုးပွဲကို ၅.၆.၂၀၂၄ ရက်နေ့ နံနက် ၈ နာရီက မြို့မ (၄) ရပ်ကွက်ရှိ ကန်ကြီးမြန်မာသုဿာန်ဝင်း၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

06 Jun 2024

     မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ၅.၆.၂၀၂၄ ရက်နေ့ နံနက် ၈ နာရီက ပိန္နဲကုန်းကျေးရွာ သီဟိုဠ်စမ်းတောရကျောင်းဝင်း၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံတက်ရောက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

06 Jun 2024

   ၄.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ဆီလုပ်ငန်းရှင်များ၊ စားသုံးဆီ ဖြန့်ဖြူးရောင်းချမည့် အရောင်းကိုယ်စားလှယ်များ၊ လက္ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။          

06 Jun 2024

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ ယုဇနလမ်းရှိ ကံ့ကော်အောင် ရှောက်တောင့်လုပ်ငန်းသို့ (၃၁-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း‌များအဖွဲ့သည် သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရန် ကွင်းဆင်းခဲ့ပါသည်။

05 Jun 2024

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ စတိုးဆိုင်များတွင် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးရောင်းချသော ဆိုင်များသို့ (၃၁-၅-၂၀၂၄)ရက်နေ့၊ နေ့လယ်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် သွားရောက်၍ ကွင်းဆင်းလေ့လာ‌ဆောင်ရွက်ခဲ့ကြပါသည်။

Pages