သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ခုနှစ်၊ ဇွန်လ(၄)ရက်နေ့၊ နံနက်(၉း၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့ပေါ်ရှိ အလှကုန်အမျိုးမျိုး အရောင်းဆိုင်(၄)ဆိုင်သို့ သွားရောက်၍ ၎င်းတို့ရောင်းချနေသော အလှကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်မှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

၂၀၂၄ခုနှစ်၊ ဇွန်လ(၄)ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီး ဌာနအပါအဝင် မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ရက်နေ့ ၊နံနက်(၁၀း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ တိုင်းနှင့် ပြည်နယ်အလိုက်ဆီဖြန့်ဖြူးမည့်ကုမ္ပဏီများ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းနှင့်ပြည်နယ်ဦးစီးမှူးများနှင့်တွေ့ဆုံ၍ စားသုံးသူဖြန့်ဖြူးမည့်အခြေအနေများ၊ အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ဆွေနွေးခဲ့ပါသည်။
၂၀၂၄ ခုနှစ် ၊ ဇွန်လ(၃)ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ပြည်သူများကို ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများ ရောင်းချပေးခဲ့ရာ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစား သုံးနိုင်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် စားအုန်းဆီရောင်းချမှု အခြေအနေအား ကွင်းဆ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံတို့ပူးပေါင်းကာ မိုးရာသီသစ်ပင်စိုက်ပွဲတော်အခမ်းအနား ပြုလုပ်ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
