ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေး ပြည်သူအသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

          ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့၊ ညနေ(၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးပြည်သူအသိပညာပေး Talk Show အစီအစဉ်ပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စားသုံးသူအသိပညာ ပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုခရိုင်မှူး ဦးစိုးမင်းထိုက်က စားသုံး၏ အခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏ တာဝန်(၄) ရပ်တို့ကြား ပြည့်စုံစွာရှင်းလင်းပြောကြားခြင်းနှင့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)