မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ “လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ” တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ “လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ” သို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆွေးနွေးခဲ့ကြောင်း သိရသည်။

      ထိုဟောပြောပွဲသို့  ကျောင်းသား (၂၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်တစ်ခု ကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/ မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များ၊ စားသုံးသူနစ်နာခြင်းနှင့် ပတ်သတ်၍ တိုင်ကြားနိုင်သည့်နည့်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)