
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သော ကျောင်းသား/ကျောင်းသူများ၊ ထူးချွန်ကျောင်းများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေး သော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယိုးဒယာခန်းမ အ.ထ.က (စက်၊ စိုက်၊ မွေး) ကန်ကြီးထောင့်တွင် ပြုလုပ်ခဲ့ပါသည်။
ထိုဂုဏ်ပြုချီးမြှင့်ပွဲတွင် (၄) ဘာသာ ဂုဏ်ထူး (၁) ဦး၊ (၃) ဘာသာ ဂုဏ်ထူး (၃) ဦး၊ (၂) ဘာသာ ဂုဏ်ထူး (၈) ဦး၊ (၁) ဘာသာ ဂုဏ်ထူး (၁၈) ဦး၊ ထူးချွန်ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၀) ဦး၊ ထူးချွန်ကျောင်း (၈) ကျောင်းနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမ (၃၁) ဦးအား ဂုဏ်ပြုချီးမြှင့်ဆုပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)