သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Jun 2024

      ၂၀၂၄ခုနှစ်၊ ဇွန်လ(၇)ရက်နေ့၊  နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေး‌ရေးမှူးနှင့် ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍  ကျိုင်းတုံ-တာချီလိတ်လမ်းမပေါ်ရှိ   စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှုရှိ/မရှိ၊  သတ်မှတ်ရည်ညွှန်းဈေးအတိုင်း  ရောင်းချနေမှုရှိ/မရှိနှင့်   စက်သုံးဆီလက်ကျန်အခြ

11 Jun 2024

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊   အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည်  (၅.၆.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်စည်ပင်နှင့်ပူးပေါင်းပြီး အထက်ပိုင်း ရပ်ကွက်ရှိ ဆန်ဆိုင်များအားဆန်ပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်၊

11 Jun 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၆.၆.၂၀၂၄)ရက်နေ့၊နေ့လယ် (၁၅:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးတွင် စားသုံးဆီလက်လီ၊ လက္ကားအရောင်းဆိုင်ပိုင်ရှင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး တွေ့ဆုံရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

11 Jun 2024

       ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်သည် ၁၀-၆-၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်ရှိ (ရွှေပင်လယ်) ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်သို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍  စားသုံးကာကွယ်ရေးဥပဒေပါ  ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

11 Jun 2024

       စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးဇေယျာအောင်သည် ၁၀-၆-၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၁၁)၊ ဗက်လင်တိုက်ပွဲရှောင်စခန်းရှိ ပြည်သူ(၃၀)ဦးအား စားသုံးသူကာကွယ်ပေးရေးအသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

Pages