ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချပေးနေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၂၃.၉.၂၀၂၅ ရက်နေ့ နံနက် (၀၇း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးမှ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင် (၉)ဆိုင်သို့ စားအုန်းဆီရောင်းချပေးနေမှုများအား မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်နေရာတွင် ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ၊ ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)