သတင်းနှင့် လှုပ်ရှားမှုများ
(၉.၉.၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးသည် သထုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်အသင်းတို့မှ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။
၁၀.၉.၂၀၂၃ ရက်နေ့တွင် မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးလွင်သည် စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ မြို့နယ်ကြီးကြပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၀.၉.၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးကုန်သည်များ အသင်းတို့နှင့် ပူးပေါင်း၍ အများပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခဲ့ကြောင်း သိရှိရပါသည်။
၈.၉.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် (၆-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆီလုပ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။