သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Sep 2023

   (၁၀-၉-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးသည် ဒေသတွင်းစားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဈေးနှုန်းကျဆင်းရေးအတွက် ကရင်ပြည်နယ်စားသုံးဆီကုန်သည်များနှင့်စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

15 Sep 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်၊ နောင်ယား(ခ)ရပ်ကွက်၊ ဒေါနိုးကူးရပ်ကွက်ရှိ ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင်များနှင့်ဆေးဆိုင်များသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေ

15 Sep 2023

    ၉.၉.၂၀၂၃ ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီးတို့တွင် သစ်ကိုင်းများ၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့တွင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

15 Sep 2023

     (၉.၉.၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးသည် သထုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်အသင်းတို့မှ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။

15 Sep 2023

   ၁၀.၉.၂၀၂၃ ရက်နေ့တွင် မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးလွင်သည် စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ မြို့နယ်ကြီးကြပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

Pages