သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ-ခရိုင်ဦးစီးမှူးသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ် ဆန်စက်နှင့် ဆန်စပါးကုန်သည်များအသင်း၏ဦးဆောင်မှုဖြင့် ဖျာပုံမြို့နယ် အပြောင်ကျေးရွာရှိ ပြည်သူများကို တစ်ဦးလျှင် ရက်( ၉၀ )ဆန်တစ်ပြည်လျှင်( ၂၅၀၀ )ကျပ်ဖြင့် ဆန်(၁၀)အိတ် ရောင်းချပေးနေမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
DOCA(ဧရာဝတီ)
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပါ ပူးပေါင်းအဖွဲ့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန် တွင် ကျိုက်လတ်မြို့၊အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၇)အ.မ.ကကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၉၀)ဦး၊ ဆရာ/ဆရာမ(၆)ဦး၊ စုစုပေါင်း(၉၆)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ အခြေခံစားသောက်ကုန်ပစ္စည်းများအား ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးအတွက် ဗန်းမော်မြို့နယ် သက်သာဈေး ဖွင့်လှစ်ရောင်းချနိုင်ရေးကော်မတီဖွဲ့စည်း၍ မြို့နယ်အတွင်းရှိ ဆန်ကုန်သည်၊ ဆီကုန်သည်များနှင့်ညှိနှိုင်းဆောင်ရွက်ပြီး ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်(ယခင်အခွန်လွတ် စျေးဟောင်း)နေရာတွင် ဆန်၊စားသုံးဆီ၊သားငါး၊ဟင်းသီးဟင်းရွက်များအား ၂၀၂၃ခုနှစ်၊ စက်တင်ဘာ၈ရက်နေ့၊ နံနက်(၆:၀၀)နာရီမှ(၉:၀၀)နာရီအထိ ပြင်ပပေါက်စျေးထက် သက်သာသောစျေး
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်)သည် (၁၀.၉.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မိုးကောင်းမြို့၊ကျွန်းတောရပ်ကွက်ရှိ မေတ္တာဖောင်ဒေးရှင်း အသင်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ ဌာနအကြောင်း၊ စားသုံးသူများနှင့် လုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူပြည်သူများအတွက် သတင်းနှင့် လှုပ်ရှားမှုများနှင့် စားသုံးသူများ၏ နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့် Complaint System ပါဝင်သည့် DOCA Myanmar Mobile Application အား ဆောင်ရွက်ထားရှိပါသည်။ အဆိုပါ Application အား ဌာန၏ www. doca . gov.