သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်)သည် (၁၀.၉.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မိုးကောင်းမြို့၊ကျွန်းတောရပ်ကွက်ရှိ မေတ္တာဖောင်ဒေးရှင်း အသင်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ ဌာနအကြောင်း၊ စားသုံးသူများနှင့် လုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူပြည်သူများအတွက် သတင်းနှင့် လှုပ်ရှားမှုများနှင့် စားသုံးသူများ၏ နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့် Complaint System ပါဝင်သည့် DOCA Myanmar Mobile Application အား ဆောင်ရွက်ထားရှိပါသည်။ အဆိုပါ Application အား ဌာန၏ www. doca . gov.
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များအား (၆-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် မြို့ကွက်သစ်ရပ်ကွက်ရှိ တောင်ထိပ်ပန်းပွင့်အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် (၆-၉-၂၀၂၃) ရက်နေ့၊ နံနက်(၁၁း၃၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်းမ၌ ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၅-၉-၂၀၂၃) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ စည်ပင်သာယာရေးကော်မတီရုံးခန်းမတွင် ဆန်ကုန်သည်အသင်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။