သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၃ခုနှစ်၊ (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် (၂/၂၀၂၃) ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းထွန်းက (၁၁-၉-၂၀၂၃) ရက်နေ့နှင့် (၁၂-၉-၂၀၂၃) ရက်နေ့၊ စုစုပေါင်း (၂) ရက် သင်ကြားမည်ဖြစ်ပါကြောင်းနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားစေရန်ရည်ရွယ်ပါကြောင်း အဖွင့်အမှာစက
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၌ ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်မှု၌ နိုင်ငံတော်မှ ချမှတ်ထားသည့် စစ်ကြောင်း (၅) ကြောင်းပုံသဏ္ဍာန်ဖော်၍ ဟောပြောပွဲကို (၈-၉-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်၌ သံတွဲမြို့စစ်ကြောင်း(၅)မှ တာဝန်ရှိသူများသည် ရပ်ကွက်နေပြည်သူများအား အသိပညာပေးအခမ်းအနားကျင်းပခဲ့ပါသည်။
(၁၀-၉-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးသည် ဒေသတွင်းစားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဈေးနှုန်းကျဆင်းရေးအတွက် ကရင်ပြည်နယ်စားသုံးဆီကုန်သည်များနှင့်စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်၊ နောင်ယား(ခ)ရပ်ကွက်၊ ဒေါနိုးကူးရပ်ကွက်ရှိ ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင်များနှင့်ဆေးဆိုင်များသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေ
၉.၉.၂၀၂၃ ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီးတို့တွင် သစ်ကိုင်းများ၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့တွင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။