
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ရုံးအုပ် ဒေါ်သီတာဌေးနှင့် ဝန်ထမ်း များသည် ၁၀-၉-၂၀၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.ကခွဲ(၂)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ရုံးအုပ် ဒေါ်သီတာဌေး က စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောခဲ့ပြီး ဆက်လက်၍ ဒု-ဦးစီးမှူး ဦးအောင်ထွန်းမြက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက် နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်း အမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၂၀) ဦး၊ ကျောင်းသား၊ ကျောင်းသူများ (၁၄၀) ဦး စုစုပေါင်း ဦးရေ(၁၆၀) တက်ရောက်ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)