သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ ဌာနအကြောင်း၊ စားသုံးသူများနှင့် လုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူပြည်သူများအတွက် သတင်းနှင့် လှုပ်ရှားမှုများနှင့် စားသုံးသူများ၏ နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့် Complaint System ပါဝင်သည့် DOCA Myanmar Mobile Application အား ဆောင်ရွက်ထားရှိပါသည်။ အဆိုပါ Application အား ဌာန၏ www. doca . gov.
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များအား (၆-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် မြို့ကွက်သစ်ရပ်ကွက်ရှိ တောင်ထိပ်ပန်းပွင့်အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် (၆-၉-၂၀၂၃) ရက်နေ့၊ နံနက်(၁၁း၃၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်းမ၌ ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၅-၉-၂၀၂၃) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ စည်ပင်သာယာရေးကော်မတီရုံးခန်းမတွင် ဆန်ကုန်သည်အသင်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ အစည်းအဝေးခန်းမ၌ စားအုန်းဆီတည်ငြိမ်ကျဆင်းရေးအတွက် ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးက ဦးဆောင်ကျင်းပခဲ့ရာ ဆန်နှင့်ဆီမှာ မရှိမဖြစ်စားသုံးရန်လိုအပ်ပြီး အခြေခံစားသုံးသူပြည်သူများ အခက်အခဲမရှိစေရေးအတွက် သင့်တင့်မျှတသည့် အမြတ်အစွန်းရရှိပြီး ထိုက်သင့်သည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ပါသည်၊၊