သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Aug 2023

     စားသုံးသူရေးရာဦးစီးဌာန ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၂၁.၈.၂၀၂၃) ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ပညာရေး‌ကောလိပ်ဝင်း ၊ လှာကဒေါင်ကျေးရွာရှိ အ.လ.ကလေ့ကျင့်ရေးကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများရရှိစေရေးအတွက် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး ကျောင်းသား/သူများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

25 Aug 2023

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်မြို့နယ်တာဝန်ခံဒေါ်ခင်မေဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်(၂၁-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် တောင်ကုတ်မြို့၊ မြို့မဈေးအတွင်း လက်လီ/ကားရောင်းချသည့် ဈေးဆိုင်များအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်

25 Aug 2023

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် တာချီလိတ်ခရိုင်၊ တာလေမြို့၊ တာကြန့်စံပြကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘုရာရှစ်ခိုးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကျေးရွာသူ/သား (၁၀၀) ဦးတက်ရောက်ခဲ့ကြပါသည်။

25 Aug 2023

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မိုးစပါပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အခမဲ့ထောက်ပံ့သော ပုလဲဓာတ်မြေဩဇာပေးအပ်ပွဲအခမ်းအနားကို (၁၅-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

25 Aug 2023

     မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း မိုးစပါး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် စပါးစိုက်ပျိုးသော ကျေးရွာအုပ်စုများအား စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီး ဌာနမှတာဝန်ခံများ၊ ကျေးရွာအုပ်စုရေးမှူးများ၊ ကျေးရွာအုပ်စုစာရေးများနှင့်တွေ့ဆုံခြင်းကို (၁၈.၈.၂၀၂၃) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

Pages