သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယမြို့နယ် ဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့်အတူ ၂၀၂၃ခုနှစ်၊ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ရေတာရှည်မြို့နယ် ညောင်ပင်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/23.25.jpg?itok=0LM1moBl)
စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်သည် ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဘုရင့်နောင် ခန်းမ၌ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ မြို့ဖများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs)စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ ၍ တောင်ငူခရိုင် တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/23.20.jpg?itok=C0P2PWYz)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ (GACC) သို့ ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်ရန်အတွက် လျှောက်ထားလာသည့်ကုမ္ပဏီများ၏ ဆန်စက်များနှင့် သိုလှောင်ရုံများအား မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးစမ်းသပ်မှုလုပ်ငန်းလီမိတက်မှ စစ်ဆေးရေးမှူးများနှင့် (CTQM) ဌာနမှူး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း မြို့နယ်များရှိ ဆန်စက်များသို့ ကွင်းဆင်းခြင်းကို ဩဂုတ်လ၊ ဒုတိယအပတ်တွင်စတင်၍ ပေါင်းတည
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/318_0.jpg?itok=jZAp9I3C)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုး ဦးဆောင်သောဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်း ဦးဆောင်သောဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ဩဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ဇေယျဝတီမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/23.18.jpg?itok=kOkn2w80)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းနှင့်အတူ ဩဂုတ်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့ ကြက်သွန်ခင်း(၁)ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/23.14_0.jpg?itok=lKjERsfx)