သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ခရိုင်ဦးစီးမှူး၏ကြီးကြပ်ကွပ်ကဲမှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန် (၁၇.၈.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/25.1_0.jpg?itok=BGQ0N5M6)
(၃-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးပေါင်ခန့်လန်က “စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၇)ပါ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု” ခေါင်းစဉ်ဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၉၇_0.jpg?itok=Ytvqe0L4)
၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ ပါလျှံ(၂)၊ ရန်အောင်မြေရပ်ကွက်ရှိ “VIP”တံဆိပ်ကိတ်/ ပေါင်မုန့်လုပ်ငန်းနှင့် ပန်ဟတ်ကျေးရွာရှိ ပုစွန်တံဆိပ် ငါးမုန့်ကြော်လုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြပါ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၉၆_0.jpg?itok=jq4oLJYU)
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၂၁-၈-၂၀၂၃) ရက်နေ့တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ဗန်းမော်မြို့ပေါ်ရှိ ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်ဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင် (၂) ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၉၅_0.jpg?itok=XK0shTOd)
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၅-၈-၂၀၂၃) ရက်နေ့မှ (၁၆-၈-၂၀၂၃) ရက်နေ့အထိ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၈/၂၀၂၃)အား ကျင်းပပြုလုပ်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/323_0.jpg?itok=JyRrNHXE)