သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Aug 2023

    ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြိုနယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် (၁၆-၈-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဒိုက်ဦးမြို့၊ မြို့မစျေးအပြင်တန်းရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်များသို့သွားရောက်၍ အချိုရည်မျိုးစုံ၌ ကုန်အညွှန်းအမှတ်သားများကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

23 Aug 2023

   ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့မဈေးနှင့် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၇-၈-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

23 Aug 2023

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်ကိုင်းအုပ်စု၊ ကသစ်ကိုင်း (အ-မ-က)ကျောင်း၌ (၁၀-၈-၂၀၂၃)ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် တခြားပူးပေါင်းအဖွဲ့များဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ဌာနအလိုက် အသိပညာများဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

23 Aug 2023

  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်း/ ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး၊ ကုန်စည်များထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို စားသုံးသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန

23 Aug 2023

     တောင်သူလယ်သမားများ ဆီထွက်သီးနှံဖြစ်သည့် နေကြာကို တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး ၁၁၃ မိုင်အနီးရှိ  ဦးစီးဌာနပိုင်စိုက်ခင်းတွင် တောင်သူအသိပညာပေးစိုက်ခင်းကို စိုက်ပျိုးထားရှိပါသည်။

Pages