သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ ပလတ်စတစ်လျှော့ချရေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (၁၇.၇.၂၀၂၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် (၁၄.၇.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီတို့သည် ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးအဖွဲ့နှင့် ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/

မြင်းခြံမြို့၊ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၁) ၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြင်းခြံခရိုင်၊ စားသုံးသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးမှူးဦးမြတ်မင်းနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကို ကာကွယ်ရန်အတွက် (၁၄.၇.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၁၅)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၃)ရပ်ကွက် အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ (၁၀)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၂၀) ဦး၊ စုစုပေါင်း(၁၃၀)ဦး

မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် GACC မှတ်ပုံတင်ခွင့်ရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုမ္မဏီ (၁၃) ခုမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
