သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်သည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ မအူပင်မြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၂)၌ အသိပညာပေးဟောပြောပွဲကို (၁၄.၇.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာရှိ သော်တာလင်းဆန်စက်သို့ မအူပင်မြို့နယ်ဦးစီးအရာရှိ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၇.၇.၂၀၂၃) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ဆန်စက်သို့ ကွင်းဆင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

ဖျာပုံမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင်လုပ်ကိုင်သော မုန့်မျိုးစုံလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး စားသုံးသူများ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်လုပ်သူများ ပိုမိုအကျိုးစီးပွားဖြစ်ထွန်းလာစေရေး ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်နေ့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီး ဌာနတို့ပူပေါင်း၍ မုန့်မျိုးစုံထုတ်လုပ်လျက်ရှိသော ရွှေဒေါင်းမင်းအလုပ်ရုံသို့ ကွင်းဆင်းခဲ့ပါသည်

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ( ၁၇ )ရက်နေ့၊ နေ့လယ်( ၁၃:၀၀ )နာရီအချိန်တွင် ကျိုက်လတ်မြို့ ၊ အမှတ်( ၁ )ရပ်ကွက်ရှိ အ.မ.က မူလွန်ကျောင်းတွင် ကျောင်းသား / ကျောင်းသူ(၁၅၀)ဦးနှင့် ဆရာ/ဆရာမ(၁၀)ဦး စုစုပေါင်း(၁၆၀)ဦးတို့ကို စားသုံးသူအသိပညာပေး ဟောပြောခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးအောင်သည် ၂၀၂၃ခုနှစ်၊ဇူလိုင်လ ၁၈ ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၅၂) နေပြည်တော်၌ Virtual ဖြင့် ကျင်းပပြုလုပ်သော ကွမ်းသီးတိုးချဲ့တင်ပို့နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ ပုသိမ်မြို့မှ ကွမ်းသီးအရောင်းအဝယ်ပြုလုပ်နေသော လုပ်ငန်းရှင် (၂) ဦးနှင့်အတူ တက်ရောက်ခဲ့ပါသည်၊၊
