သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ရုံးအုပ် ဦးဘောမ်ဇုန်းသည် (၁၇-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာရှိ စားသောက်ကုန်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင် (၃) ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင် (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည် (၁၄-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၂:၃၀) နာရီအချိန်တွင် သံတွဲမြို့၊ အံတော်ကျောင်းအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/သူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ စားသုံးသူဆိုင်ရာအသိပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) အား ဖွင့်လှစ်ပို့ချရာ သင်တန်းသားစုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၇) ရက် နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်ရပ်ကွက်နှင့်ရွှေတောင်ရပ်ကွက်ရှိ စားသုံးဆီအမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင် (၁၂) ဆိုင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှု/မရှိကို မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊ အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန၊

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄.၇.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် မော်ကျွန်းမြို့နယ် ကွမ်းခြံချောင်း အထက(ခွဲ)ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
.jpg?itok=oHELwDaR)