သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရန် ကုန်စည်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ (၆-၇-၂၀၂၃) ရက်နေ့နှင့် (၇-၇-၂၀၂၃) ရက်နေ့များတွင် မကွေး/ချောက်ခရိုင်အတွင်းရှိ မကွေးမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ်နှင့် ချောက်မြို့နယ်များ၌ စည်ပင်သာယာစျေးနှင့် စတိုးဆိုင်ကြီးများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာ

ရခိုင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊စစ်တွေခရိုင် ဦးစီးမှူးဦးမောင်လှဝင်း (ဦးစီးအရာရှိ) နှင့်ဝန်ထမ်းများသည် (၁၈.၇.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စစ်တွေမြို့ပေါ်ရှိ ဆေး မျိုးစုံရောင်းချသည့်ဆိုင်များကို မိတ်ဖက်ဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ဘဲပြားကုန်းကျေးရွာအုပ်စုရှိ ဘုန်ကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူပြည်သူ (၇၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ) နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မကွေးမြို့၊ ကန်သာစျေးသို့လည်းကောင်း၊ ဇူလိုင်လ (၉) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မကွေးမြို့၊ မြို့မစျေးသို့လည်းကောင်း၊ ဇူလိုင်လ (၁၀) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မကွေးမြို့၊ ရ

စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကြံခင်းမြို့နယ်၊ ကဇင်းကြီးအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ ဆရာမ ၄ ဦး၊ ကျောင်းသား/သူ ၆၁ ဦးနှင့် ကျောင်းသားမိဘ ၁၅ဦးတို့အား (၁၄.၇.၂၀၂၃)နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
