သတင်းနှင့် လှုပ်ရှားမှုများ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်အတွင်းတွင် သီပေါမြို့၊ ပန်းတိမ်မြောက်ရပ်ကွက်ရှိ “အောင်ရတနာ” ဆီစက်သို့ ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးအတွက် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ခုနှစ်အတွက် မိုးစပါးရည်မှန်းချက်စိုက်ဧကမှာ (၂၃၉၉၆) ဧကဖြစ်ပြီး ယခုလက်ရှိအချိန်တွင် (၆၆၅၄) ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါသည်။ မိုးစပါးကို လယ်စိုက်ဧက (၂၁၆၃၄) ဧက၊ ယာ (၂၂၉၂) ဧကနှင့် တောင်ယာ (၇၀) ဧကစိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်တွင် အာလူးကြော်နှင့် အကြော်စုံလုပ်ငန်း၊ ငရုတ်သီးနှမ်းကပ်ကြော်လုပ်ငန်း၊ ပေါင်မုန့်ကိတ်မုန့်လုပ်ငန်းများလုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင် (၁၀) ဦးနှင့်တွေ့ဆုံခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ကြရန် အသေးစိတ်ဆွေးနွေ

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းသည် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူလတ်၊ ဦးစီးမှူး ဒေါ်မိုးမိုးခိုင်နှင့် ပုသိမ်မြို့နယ်တာဝန်ခံ ဦးဝင်းမြင့်တို့နှင့်အတူ ဇူလိုင်လ(၁၄)ရက်နေ့တွင် ပုသိမ်မြို့ပေါ်ရှိ အများပြည်သူဝယ်ယူသုံးစွဲ လျက်ရှိသော Ocean Super Center သို့သွားရောက်၍ စားသုံးသူပြည်သူများအား ဘေးကင်းလုံခြုံမှုရှိသော ကုန်စည်၊ ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ကုန်တိုက်တွင် ရောင်းချနေသော အလှကုန်၊ ဆေးဝါးများစားသောက်ကုန်မ

၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၄ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တောင်ကြီးမြို့ပေါ်ရှိ Star Mart စတိုးဆိုင်နှင့် သန်းကြွယ်စတိုးဆိုင်များကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။