သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဇူလိုင်လ ၁၃ရက်နေ့အချိန်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးကြီး၌ရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဝန်းထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောပွဲ (၇/၂၀၂၃)ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံတို့သည် (၁၁-၇-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့နယ်၊ မြို့မ (၄) ရပ်ကွက်၊ စာစင်လမ်းမကြီးရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၁၄.၇.၂၀၂၃ရက်နေ့၊နံနက် (၀၉း၃၀) နာရီအချိန်၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။
