သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် မုဒုံမြို့နယ်တာဝန်ခံတို့သည် (၁၂-၇-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့နယ်၊ မြို့မ (၂) ရပ်ကွက်ရှိ ဒုံကနီအခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့်အစားအသောက်များကို ဘေးအန္တရာယ်ကင်းရှင်းစွာစားသောက်နိုင်ရေး၊ စားသုံးသူများ၏လိုအပ်ချက်များနှင့် အခွင့်အရေးများအပြည့်အဝရရှိစေရေးနှင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇူလိုင် ၁၃ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ စည်ပင်သာယာပြည်သူ့ဈေးသို့သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ရခိုင်ပြည်နယ် စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ်အနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိရာတွင် ပုဏ္ဏားကျွန်း မြို့နယ်တာဝန်ခံ ဦးလှမောင်အေး(ဒု-ဦးစီ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဘီးလင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့်စားဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၁၁-၇-၂၀၂၃) ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းနှင့် မုဒုံမြို့နယ်တာဝန်ခံသည် (၁၁-၇-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့နယ်၊ မြို့မ (၄) ရပ်ကွက်၊ စာစင်လမ်းမကြီးရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၏ ကျောင်းမုန့်ဈေးတန်းသွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
