သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းနှင့် မုဒုံမြို့နယ်တာဝန်ခံသည် (၁၂-၇-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့နယ်၊ ဒုံကနီအခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ရှိ ကျောင်းမုန့်ဈေးတန်းသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင် ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေး(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျောင်းသား/သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာများရွေးချယ်ဝယ်ယူစားသုံးနိုင်စေရန်အတွက် ဂွမြို့၊ ရွာမရပ်ကွက်၊ အ.မ.က (မူလွန်) ကျောင်းသို့ သွားရောက်၍ ကျောင်းသား/ ကျောင်းသူ (၂၇) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းဦးဆောင်၍ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း (၂) ဦး၊ အမှတ် (၃)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ “ဦးကြည်မြင့်” ကုန်စုံဆိုင်နှင့် “ကြံတိုင်းအောင်” စတိုးဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၃-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြုဟောပြောပွဲတွင် (၁၂/၂၀၂၃) ကြိမ်မြောက် Thursday Talk အသိပညာပေးဟောပြောဆွေးနွေးနှင့် စာပေစကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း/အမှုထမ်းဝန်ထမ်း (၄၃) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးပါဝန်ထမ်းများသည် ၁၄-၇-၂၀၂၃ ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့ အမှတ် ၅ ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း အ-မ-က (၁၁)၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပါသည်။
