သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ ၊ ဇူလိုင်လ ၁၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက် (အ.လ.က) ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးနှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အာဇာနည်နေ့အကြိုဟောပြောပွဲနှင့် စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်သည် ဘားအံမြို့နယ် ကျောင်းကျန်းမာရေးအဖွဲ့များနှင့် ပေါင်းစပ်၍ ၁၇-၇-၂၀၂၃ ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့၊အမှတ် ၉ ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန် အ-မ-က (၁၂) ကျောင်းရှိ ကျောင်းသူ / ကျောင်းသားများကို ကျောင်းအစည်းအဝေးခန်းမ၌ ကျောင်းကျန်းမာရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် အသေးစား၊ အငယ်စား၊အလတ်စား(SME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေရန်နှင့် တစ်ပိုင်တစ်နိုင်အိမ်တွင်းမှု သက်မွေးလုပ်ငန်းများ တိုးတက် ဖြစ်ပေါ်လာစေရန်တို့အတွက် သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည် နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ် ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ၁၇-၇-၂၀၂၃ ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေ

မွန်ပြည်နယ်၊ သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းကာ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သထုံမြို့နယ်၊ မြို့မဈေးအတွင်းရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၂ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၄-၇-၂၀၂၃ ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ် ဦးစီးမှူးရုံးဝန်းအတွင်း/အပြင် သန့်ရှင်းရေးပြုလုပ် ရှင်းလင်းခဲ့ကြောင်း သိရသည်။
