သတင်းနှင့် လှုပ်ရှားမှုများ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများသိသင့်သိထိုက်သော အသိပညာဗဟုသုတများရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်၌ အရေးကြီးကုန်စည်များတွင်ပါဝင်သော ဝါသီးနှံနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၄ရက်နေ့တွင် မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်ရှိ မြို့မစျေးအတွင်းသို့သွားရောက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းကာ စားသုံးဆီရောင်းချနေသောဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံးခန်းအတွင်း၌ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိထ္ထီလာမြို့နယ်အတွင်း မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင် (၄) ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၁၄-၇-၂၀၂၃) ရက်နေ့၌ ဇေယျာသီရိမြို့နယ်၊ သစ်တောတက္ကသိုလ် (ရေဆင်း) သို့သွားရောက်၍ ဟောပြောပွဲကို ညနေ (၁၅:၀၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။ နေပြည်တော်ဦးစီးမှူး ဦးခမ်လျန်စွမ်းက စားသုံးသူအသိပညာပေးသိကောင်းစရာများနှင့် အပင်ပိုးမွှား (Bio Hazard)၊ ဓာတုဓာတ်ကြွင်းများ (Chemical Hazard) ကိုကုန်သွယ်ရေးနှင့် စားသုံးသူရှုထောင့်ဘက်မှနေ၍
