သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Jul 2023

   ဧရာဝတီတိုင်းဒေသကြီး  ၊   ဖျာပုံခရိုင်  ၊      ကျိုက်လတ်မြို့နယ်      စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) ဥက္ကဌ        ဦးကျော်မင်းသူ၊ ဒုဥက္ကဌဦးလန်ဘား၊ ဘဏ္ဍာရေးမှူး ဦးအေးရွှေနှင့်အတူ ဇူလိုင်လ(၉)ရက်နေ့ ၊   နေ့လယ်(၁၆:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ အမှတ်(၅)ရက်ကွက်တွင်  စားသုံးဆီများကို   အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုကို သွားရောက်ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့ပါသည်။

18 Jul 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊    ဇူလိုင်လ(၁၀)ရက်နေ့၊ နေ့လယ်(၁၂:၃၀)အချိန်တွင် ငရုတ်ကောင်းကျေးရွာရှိ လူမှန်ဆန်စက်၌လုပ်သား  ဝန်ထမ်း(၈)ဦးကို စားသုံးသူကာကွယ်ရေး အသိပညာပေးခဲ့ပါသည်။

18 Jul 2023

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ခြေကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ (၁၃-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကျေးရွာသူကျေးရွာသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

18 Jul 2023

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းသော တာဝန်ရှိသူများအဖွဲ့သည် (၁၂.၇.၂၀၂၃) ရက်နေ့ ၊နံနက် (၀၉:၄၀) အချိန်တွင် ဓနုဖြူမြို့ မြို့မဈေး၊ ဇကာကြီးဈေးရှိ စားသုံးဆီရောင်းချနေသော စားသောက်ကုန်စုံဆိုင်(၁၂)သို့ သွားရောက်၍ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါဝင်မှု ရှိ/မရှိတို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြပါသည်။

18 Jul 2023

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းအဖွဲ့ တာဝန်ရှိသူများ (၁၂.၇.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပန်းတနော်မြို့ရှိ ဈေးတန်းနှင့် စားသုံးဆီရောင်းချနေသော စားသောက်ကုန်စုံဆိုင်(၈)သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

Pages