သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Jul 2023

     မွန်ပြည်နယ်၊ သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းကာ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သထုံမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် စားသုံးဆီ အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၀၂၃ခုနှစ်၊ဇူလိုင်လ ၇ ရက်နေ့၊ နံနက်တွင် ဆောင်ရွက်ခဲ့ပါသည်။

18 Jul 2023

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည့် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မော်လမြိုင်မြို့နယ်၊ အမှတ် (၂) ဈေးအတွင်း ရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၁၀.၇.၂၀၂၃ ရက်နေ့က ဆောင်ရွက်ခဲ့ပါသည်။

18 Jul 2023

      ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းစုစုပေါင်း (၃၁) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

18 Jul 2023

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၁၁.၇.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ အ.ထ.က (ခွဲ) စမ်းကြီးကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး စမ်းကြီးကျောင်းရှိ ကျောင်းမုန့်ဈေးတန်းကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

18 Jul 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး၌ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်နှင့် ဒု-တိုင်းဦးစီးမှူး ဦးစိုးဦးတို့သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၇ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ပုသိမ်မြို့၊ စက်မှုဇုန်ဥက္ကဋ္ဌ ဦးလေးကို၊ ဧရာဝတီတိုင်းဒေသကြီး၊း စီမံကိန်းကော်မရှင်တို့နှင့်တွေ့ဆုံခဲ့ပါသည်၊၊

Pages