သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သီတာဌေးနှင့်ဝန်ထမ်းများသည် (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အခြေခံပညာ အ-မ-က မူလွန်ကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးဦးစိုးအောင်နှင့် ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းတို့သည် ၂၀၂၃ခုနှစ်၊ဇူလိုင်လ ၁၀ ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီ နေပြည်တော် ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ(၃)တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး ဦးဆောင်သော Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သော ညှိနှိုင်းအစည်းအဝေးသို့ ပုသိမ်မြို့ သီဟိုဠ်အသင်းဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့ဝင်များ သာပေါင်းမြို့နယ် သီဟိုဠ်အသင်းဥက္ကဋ္ဌ ဦးတင်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်၊၊

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်သည် စားသုံးသူရေးရာကော်မတီ၏ လမ်းညွှန်ချက်ဖြစ်သော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြလာစေရန် လစဉ်လျာထားချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကုန်စည်ထုတ်လုပ် လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များကို တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင် တစ်ဦးချင်းခေါ်ယူတွေ့ဆုံခြင်းထက်
၂၀၂၃ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်၌ ကြက်သွန်နီ စိုက်ပျိုးရာ ဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့တောင်သာနယ်၊ ညောင်ဦးနယ်တို့မှ ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးဦးဝေဠုအောင်ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် စားသုံးပြည်သူများ လုံခြုံ စိတ်ချရမှုရှိစေရေးအတွက်ရည်ရွယ်၍ (၇.၇.၂၀၂၃)ရက်နေ့၊နံနက် (၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့ ပေါ်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသောရှိသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိနှင့် ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်
