သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ်သည် ရပ်ကွက်(၄)ခုရှိပြီး ကျေးရွာအုပ်စု (၅၂)အုပ်စုရှိပါသည်။ စိုက်ပျိုးရေးကဏ္ဍကို အဓိကထားဆောင်ရွက်လျက်ရှိသဖြင့် ပန်းတနော်မြို့နယ်၏ ကျေးရွာအုပ်စု (၅၂)အုပ်စုမှ တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် စပါးများကို ပုသိမ်-ရန်ကုန်ကားလမ်းဘေးရှိ ဆန်စက်ကြီး (၁၈)လုံးဖြင့် ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်တွင်းဆန်ဈေးကွက်နှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ဆောင်ရွက်နိုင်ရေးကို ဆောင်ရွက်လျက်ရှိသလို ခေတ်စနစ်နှင့် လျော်ညီသော Global Earth Argo & Aqu
.jpg?itok=j5Dbh9bo)
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်နယ်မြေဒေသ ကဏ္ဍအလိုက် ကွင်းဆင်းဆောင်ရွက်မှုများကို အသိပညာပေး ဟောပြောဆောင်ရွက်လျက်ရှိပါသည်။
 (2).jpeg?itok=XjG-WRoC)
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျေင်းခွဲရှိ ဆရာ၊ ဆရာမ ၂၀ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၃၅၀ ဦးတို့ကို (၆.၇.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ တွင်လည်းကောင်း၊ မြန်အောင်မြို့နယ်၊ အုတ်ရှစ်ကုန်းရွာအခြေခံပညာအထက်တန်ကျောင်းရှိ ဆရာ၊ ဆရာမ ၁၉ ဦးနှင့် ကျောင်းသား/သူ ၄၁၅ ဦးတို့ကို (၆.၇.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) တွင်လည်းကောင်း၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
.jpg?itok=WwTLCJFe)
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့ပါဝင်သောအဖွဲ့သည် (၅.၇.၂၀၂၃)ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများကို ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။
_1.jpg?itok=VwbdBW13)
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ အပါအဝင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ပါသည်။
