သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ထိန်ကန်ကျေးရွာ၌ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲကို(၈.၇.၂၀၂၃)ရက်နေ့ ၊နံနက်(၀၉:၀၀)နာရီအချိန်တွင် ထိန်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးရှိ စစ်ဆေးရေးအရာရှိများ ဦးဆောင်၍ အဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ် ပြည်သူ့ကျန်းမာရေး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စက်မှု့ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၆-၇-၂၀၂၃) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင်

သတင်းရေးသားပါဝင်မှုပိုမိုမြင့်မားလာစေရန်နှင့် သတင်းရေးသားသည့်အခါ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိလိုက်နာပြီး ရေးသားနိုင်ရန် ရည်ရွယ်၍ အခြေခံသတင်းရေးသားနည်း သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် (၁၀.၇.၂၀၂၃ ) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကို တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ချမ်းအေသာဇံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ (၄-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကိုဗစ်ချေးငွေရယူထားသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပေးခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ကိုဗစ်ချေးငွေရယူထားသော စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၇ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရေတာရှည်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ပြုလုပ်သည့် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသော စာပေဝါသနာရှင်များကို စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။
