သတင်းနှင့် လှုပ်ရှားမှုများ
(၁၀-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဈေးတာဝန်ခံများနှင့်အတူ ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းပြဋ္ဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိကို ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

(၅-၇-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဈေးတာဝန်ခံများနှင့်အတူ ဈေးကွက်အတွင်းရောင်းချနေသော Sprite အချိုရည်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိနှင့် (CCOBM) ကုမ္ပဏီမှထုတ်လုပ်သော ကုန်အမှတ်တံဆိပ်နှင့်ပုံစုံတူ Sprite အချိုရည်များရောင်းချခြင်းရှိ/မရှိတို့ကို ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွ

(၁၁-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:ဝ၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၀၅၂) နှင့် ပင်းယ (၁၈) လမ်း၊ (၅) ရပ်ကွက်ရှိ သောက်ရေသန့်လုပ်ငန်း (အမှတ်တံဆိပ်မျိုးစုံ) ထုတ်လုပ်နေသည့်လုပ်ငန်းကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)ကဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ထွေအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန(ကျန်းမာရေး)နှင့် စားသုံးသူရေးရာဦးစီးဌာန(အရှေ့ပိုင်းခရိုင်)တို့ပူးပေါင်း၍ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ကကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေး၊ ဒု-ဦးစီးမှူး ဒေါ်တင်တင်မော်နှင့် ဒု-ဦးစီးမှူး ဒေါ်သူဇာကျော်တို့သည် (၁၁-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့ရာ ဆရာ/ဆရာမ (၂၇) ဦး၊ ကျောင်းသား/ ကျောင်းသူ (၃၂၀) ဦးတို့တက်ရောက်ခဲ

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအုန်းမြင့် ဦးဆောင်သောဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဖြစ်စေမည့်ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးအတွက် သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ စားသုံးဆီရောင်းချနေသည့်ဆိုင်များအား မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၀-၇-၂၀၂၃) ရက်နေ့၊ နံ
