သတင်းနှင့် လှုပ်ရှားမှုများ
ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်ဦးခရိုင်၊ စားသုံးသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အကြို အသိပညာပေးဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

၂၀၂၃ခုနှစ် ၊ ဇူလိုင်လ ၁၁ရက်နေ့၊ နံနက်(၀၉း၀၀)တွင် ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၁၃.၇.၂၀၂၃)ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ဗန်းမော်မြို့ရှိ ကုန်မျိုးစုံဖြန့်ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်(၃)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၄-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် “ထွဋ်ခေါင်မြန်မာ” ကိုယ်ပိုင်အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးအောင်၊ ဒု-တိုင်းဦးစီးမှူး ဦးထွန်းထွန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူလတ်တို့သည် ဇူလိုင်လ (၁၁) ရက်နေ့၊ နံနက် (၁၀:ဝဝ) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်တွင် E-Virtualစနစ်ဖြင့်ပြုလုပ်သော မြန်မာ့ကော်ဖီကမ္ဘာ့ဈေးကွက်သို့ထိုးဖောက်နိုင်ရေး ကော်ဖီကိုအဓိကပို့ကုန်တစ်ခုအဖြစ် တင်ပို့နိုင်သည့်အထိဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံအတွင်း ကော်ဖီတိုးချဲ့ စိုက်ပျို
_1_0.jpg?itok=WMH-b97T)