သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ၏လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၌ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီး ဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်ရှိ မြို့မစျေးအတွင်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် စားသုံးဆီအမျိုးမျိုးသည် လူတိုင်းနေ့စဉ်စားသုံးနေသော အစားအစာတစ်မျိုးမျိုးတွင် ပါဝင်နေသဖြင့် ၎င်းအစားအစာများမှတဆင့် လုံခြုံစိတ်ချရမှုမရှိသော ဆီများကြောင့် ကျန်းမာရေးဖြစ်ပေါ်နိုင်မှုများခြင်း၊ ကုန်စည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေ

မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ယခု ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လုပ်သားခများ စျေးပိုလာကြောင်း သိရသည်။ နေ့စားလုပ်သားခမှာ ကျား၊မ မရွေးတစ်ဦးလျှင် ယခင်နှစ်က တစ်ရက်လျှင် (၅၀၀၀) ကျပ်၊ ပေးရသော်လည်း ယခုနှစ်တွင် (၅၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ) ရှိကြောင်းသိရသည်။ လုပ်သားများအနေနှင့် ၎င်းတို့ဝယ်ယူစားသုံးရသော စားသောက်စရိတ်များမြင့်တက်လာခြင်းကြောင့် နေ့စားခကို ပိုမိုတောင်းခံလာရာ မြေ၊ ယာပိုင်ရှင်များမှာလည်း လုပ်သားရှားပါးမှုနှင့် အချိန်မီစိုက်ပျိုးရန် လိုအပ်ခြင်းကြောင့်ဖြစ်သ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ (၁၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပလတ်စတစ်လျော့ချရေး အသိပညာပေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးဆီရောင်းချသည့်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့တွင် “ကန်စွန်းအင်း” ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများဟောပြောခဲ့ကြပါသည်။
