သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ ကျောင်းဆရာ၊ ဆရာမများမှတစ်ဆင့် ကျောင်းသားကျောင်းသူများ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများကို ပေါက်ခေါင်းမြို့၊ အ-ထ-က ကျောင်း၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စားသုံးသူအသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်း ဈေးကွက်များတွင်ရောင်းချနေသော ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်ရည်ရွယ်၍ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၇.၇.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် မြောင်းမြမြို့နယ်၊ အထက(၅)ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား လူငယ်စကားဝိုင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
.jpg?itok=XHgVCryH)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၆.၇.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီတွင် မြို့ပေါ်ရှိစတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောမုန့်များနှင့် အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
_1.jpg?itok=76_I8NWr)
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်၊ မြို့နယ်တာဝန်ခံဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် (၆.၇.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီ အချိန်တွင်ဖျာပုံမြို့ အ.ထ.က(၄)ကျောင်းတွင် ဆရာ/ဆရာမ(၄၃)ဦး၊ ကျောင်းသူ/ကျောင်းသား(၁၁၅၇) ဦးကို စားသုံးသူကာကွယ်ရေး အသိပညာပေးခဲ့ပါသည်။
.jpg?itok=pVOAobgr)