သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ရုံးမှ ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍ တာချီလိတ်မြို့အပြင် တာချီလိတ်-ကျိုင်းတုံလမ်းမဘေးရှိ စက်သုံးဆီအရောင်းဆိုင်(၈)ဆိုင်အား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှန်ကန်မှု ရှိ/မရှိအခြေအနေ၊ သက်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှု ရှိ/ မရှိအခြေအနေနှင့် စက်သုံးဆီလက်ကျန်အခ

ကျောင်းသား၊ ကျောင်းသူများသိသင့်သိထိုက်သည့် အသိပညာဗဟုတများရရှိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၇ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့၊ ကသစ်တန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများဖြစ်ကြသော ဦးစောသန်းထိုက်ကျော်(ဌာနခွဲတာဝန်ခံ)နှင့် ဒေါ်အေးအေးခိုင်(မြို့နယ်တာဝန်ခံ)တို့သည် အုတ်တွင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စည်းကမ်းထိန်းသိမ်းရေး(၄) ဦးထွန်းအောင်ကျော်နှင့် အတူပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၇ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းဦးဆောင်သော ဝန်ထမ်းများနှင့်ပူးပေါင်းဆောင်ရွက်၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၆ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူပြည်သူများကို အသိပညာပေးဟောပြောခြင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များကို ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
