သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Dec 2019

နေပြည်တော် ဒီဇင်ဘာ ၁၈

          Consumer Complaint Management System သင်တန်းဖွင့်ပွဲအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် ရုံးအမှတ်(၅၂) နေပြည်တော်၌ (၁၈.၁၂.၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်လွင်က အဖွင့်အမှာ စကားပြောကြားပါသည်။

13 Dec 2019

အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအတွက် စားသုံးသူကာကွယ်ရေး (ဘေးအန္တရာယ် လုံခြုံစိတ်ချရမှုလိုအပ်ချက်များ) ဆိုင်ရာ စည်းမျဉ်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၃) ရက်၊ သောကြာနေ့၊ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) အစည်းဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဦးအောင်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

04 Dec 2019

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်သည် ၃.၁၂.၂၀၁၉ ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊  ၂/၂၀၁၉ ဖြင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန

15 Nov 2019

နေပြည်တော်၊ နိုဝင်ဘာ ၁၅

                  “မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်” ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီအချိန်၌ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။

16 Sep 2019

နေပြည်တော် ၊ ၁၆.၉.၂၀၁၉

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(အရာထမ်း) သင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages