“ ကော့မှူးမြို့နယ်၌နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး ဆောင်းသီးနှံထပ်စိုက်ပျိုးရာသီတွင် ကော့မှူးမြို့နယ်၊ လာဝတီးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၈၇)၊ ဦးပိုင်အမှတ်(က/၆၂/၂) တောင်သူဦးကျော်ဦး၏ လယ် (၈.၅၅)ဧကတွင် Seeder တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးထားသော နွေစပါးစံပြ ကွက်ရိတ်သိမ်းပွဲကို ဧပြီလ (၂၈)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါစံပြကွက် ရိတ်သိမ်းပွဲသို့ ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှူးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော့မှူးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစည်သူ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ စုစုပေါင်း (၅၀)ဦးခန့် စံကွက်ရိတ်သိမ်းပွဲ တက်ရောက်ခဲ့ပြီး တစ်ဧကအထွက်နှုန်း အစိုထွက်တင်း (၁၁၃.၆၄)တင်း တစ်ဧကပျမ်းမျှအထွက်နှုန်း (၁၀၃.၇၁)တင်းနှုန်း ထွက်ရှိပြီး ဒေသခံတောင်သူများအား ယခင်နှစ် အထွက်နှုန်း စုံစမ်းမေးမြန်းချက် အရ (၁၀၁.၉၄)တင်းနှုန်း ထွက်ရှိပါကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)