
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများသုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်များနှင့် အညီထုတ်လုပ်ရောင်းချမှု ရှိစေရေး၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ လျော့နည်းပပျောက်သွား စေရေးတို့အတွက် နေရာစုံ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက် ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၁.၉.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီ အချိန်တွင် ကျောက်ပန်းတောင်းမြို့ စည်ပင်သာယာဈေးရှိ ကုန်စုံဆိုင်နှင့် စတိုးဆိုင်များတွင်ရောင်းချနေသော အသင့်စားနင့်အရန်သင့်စား အစားအစာအမျိုးမျိုးအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစားသောက်ကုန်အမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနထောက်ခံချက်များ ပါဝင်မှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြရာ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ရောင်းချ မှုရှိကြောင်းတွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်း စေရန်နှင့်ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေးကွက် စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
DOCA(မန္တလေး)
