အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းများအား အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ထားရှိမှုနှင့် ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးမျိုးထွန်း၊ ဦးစီးအရာရှိနှင့် ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးတို့သည် မန္တလေးမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်း ရှင်သည်မြို့နယ်အတွင်းရောင်းချနေသောလုပ်ငန်း၊နေရပ်လိပ်စာနှင့်ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို (၉-၉-၂၀၂၆) ရက်နေ့၊နံနက်(၁၁:၃၀)နာရီအချိန်တွင်မှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များထံသို့မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှ မှတ်ပုံတင် ထားသည့်လုပ်ငန်းများဖြစ်သည့် အထည်အလိပ်အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ၊ လက်မှု ဖန်စီးပစ္စည်းများ၊ တိရိစ္ဆာန်နှင့်တိရိစ္ဆာန်မွေးမြူရေး လုပ်ငန်းသုံးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်း၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၊ အလှကုန်ပစ္စည်းများ၊ FDA အတည်ပြုပြီးဆေးဝါး၊ ကုသရေးသုံးပစ္စည်းများ၊ ဖြည့်စွက်စာများနှင့် စားသောက်ကုန်ပစ္စည်းများ  ရောင်းချသည့်  လုပ်ငန်းရှင်များထံသို့  သွားရောက်၍ အွန်လိုင်းမှတ်ပုံ တင်စဉ်က ဖြည့်သွင်းထားသည့် နေရပ်လိပ်စာ၊ ရောင်းချရန်  ကုန်စည် (သို့) ဝန်ဆောင်မှုအမျိုးအစားများ အတိုင်းကိုက်ညီမှု ရှိ/မရှိ စသည်တို့ကို မေးမြန်းစစ်ဆေးရာ မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရခြင်း၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင် စစ်ဆေးခြင်းလုပ်ငန်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီစနစ်တကျဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက်တာဝန်ဖောက်ဖျက်မှုရှိ/မရှိကိုမြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ် အတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး တွေ့ရှိပါက  အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အရလည်း အရေးယူ ခံရမည် ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အ‌ရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းများကို အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်အားသိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)