မိုးညိုမြို့ မြစက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ 

Powered by Drupal

                                 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညိုမြို့နယ် မြစက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ၊ နံနက်  (၉:၃၀ ) နာရီ အချိန်တွင် မိတ်ဖက်အဖွဲ့အစည်းများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညိုမြို့နယ်တာဝန်ခံရုံးမှ ဦးမောင်မောင်အေးတို့မှ    တွေ့ဆုံ၍စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်း ရှင်၏ တာဝန်များဖြစ်သည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု့၏ အာမခံချက်၊ သတ်မှတ်ချက် များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက် များပေးခြင်း၊ စားသုံးသူကို ခွဲခြား မှုမရှိဘဲ ဖြောင့်မတ် မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေး ကျင့်ဝတ်၊  စည်းကမ်းနှင့် အညီ ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်ခြင်း၊  ဥပဒေအခန်း (၁၁) ပါ ကုန်စည်နှင့် စပ်လျဉ်း၍ စီးပွား ရေးလုပ်ငန်းရှင်သည် စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း ကုန်စည်၏အရည်အသွေးအချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊သုံးစွဲသူ၏လိုအပ်ချက်အတွက်သင့်လျော်မှုရှိခြင်းများကိုအထူး အလေးထား ဆောင်ရွက်ရန်အသိ ပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)