
စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မြို့မရပ်ကွက်၊ ရွှေမကျည်းပင်လမ်းရှိ Pure Life သောက်ရေသန့် လုပ်ငန်းရှင် ဦးစန်းသွင်နှင့် ၂၀၂၆ ခုနှစ် စက် တင်ဘာလ ၇ ရက်နေ့၊ နံနက်(၁၀:၀၀ ) နာရီအချိန်တွင်၊ မိုးညိုမြို့နယ်တာဝန်ခံ ဦးမောင်မောင်အေးမှ တွေ့ဆုံ၍ စားသုံးသူကာ ကွယ်ရေးဥပဒေ အခန်း ( ၁၈ )ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ် အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် အမျိုးအစား အလိုက်သတ်မှတ်ချက် များနှင့်အညီ ဖြန့်ဖြူး ရောင်းချရန်၊ကုန်စည်၏အရည်အသွေး၊ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက် စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအား လည်းကောင်း၊ဥပဒေအခန်း(၁၀) ပါစီးပွားရေးလုပ်ငန်း ရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့်အရည် အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက် ကမ်းစာစောင် ဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)
