စားအုန်းဆီရောင်းချသည့်ဆိုင်များအား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်စီမံချက်များပြည့်မီအောင် ဆောင်ရွက်လျက်ရှိပြီး လိုအပ်ပါက အထူးဈေးကွက်စောင့်ကြည့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ(၂၆.၄.၂၀၂၅)ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုမြို့နယ်တာဝန်ခံသည်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ ရွှေဘိုမြို့ရှိ စားအုန်းဆီရောင်းချသည့်ဆိုင်(၇)ဆိုင်အား အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

   ထိုသို့အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီပေပါများသယ်ယူရရှိမှု၊ သိုလှောင်မှု၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင် ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တစ်ပတ်တစ်ကြိမ် ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ စားသုံးဆီ လက်လီ၊လက်ကား အရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကိုသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၏ Website၊ Facebook Pageနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Pageတို့တွင် ဝင်ရောက်ကြည့်ရှု့နိုင်သည့်အကြောင်းများနှင့် စားအုန်းဆီရောင်းချသည့်ဈေးနှုန်းများ၊ အလေးအချင်အတွယ်များ စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)