သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Feb 2020

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ အသေးစားစားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း ရှင် များအား ၂၄.၁.၂၀၂၀ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူးရုံး (ကျိုင်းတုံ) ၌ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားဆိုင်ရာအချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

06 Feb 2020

        ၂၈.၁.၂၀၂၀ ရက်နေ့ နံနက် (၁၀)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့မစျေးအတွင်းရှိ အလှကုန် စားသောက်ကုန်နှင့် ဆေးဆိုင်များအား FDA စားသုံးသူရေးရာဦးစီးဌာန ကျန်းမာရေးဦးစီးဌာန စည်ပင်သာယာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် စျေးကွက်နမူနာကောက်ယူခြင်းဆောင်ရွက်ခဲ့ပါသည်။ အလှကုန် စားသောက်ကုန်နှင့်ဆေးဆိုင်များအား သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးရာတွင် FDA ကတားမြစ်ပိတ်ပင်ထားသည့် အလှကုန် စားသောက်ကုန် အချို့တွေ့ရှိခဲ့ပြီး

06 Feb 2020

        ၂၃.၁.၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန မှတာဝန်ရှိသူများ သည် ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဘားအံမြို့နယ်ရှိ မကျီးကျွန်းကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မကျီးကျွန်းကျေးရွာရှိ ပြည်သူ (၆၇) ဉီးတို့အား အသိပညာပေးဟောပြောခြင်းနှင့် ဥပဒေစာအုပ်၊ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။ ဆက်လက်၍ ငရုတ်စိုက်တောင်သူများကို ဈေးကွက်ဈေးနှုန်း ရရှိစေရေးအတွက် အသင်းအဖွဲ့နှင့် အစုအဖွဲ့ဖွဲ့စည်းနိုင်ရေး စည်းရုံး ဆောင်

06 Feb 2020

       ကယားပြည်နယ်၏ အဓိကလယ်ယာထွက်ကုန်များဖြစ်သည့် စပါး၊ ပြောင်း၊သီးနှံများ ဈေးကွက်ဈေးနှုန်းရရှိရေး ညိှဆွေးနွေးခြင်းကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးဌာနဝန်ကြီး ဉီးခင်မောင်ဖြူ ၊ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့အတွင်းရေးမှူး စားသုံးသူရေးရာဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးအောင်မောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပဲပြောင်း၊ နှမ်းအသင်

05 Feb 2020

           ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးစက်မှုဇုန် ကော်မတီ အစည်းအဝေးခန်းမ၌ ၂၇-၁-၂၀၂၀ ရက်နေ့၊ နံနက် ၁၀:၀၀ အချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီဝင်များနှင့် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

Pages